ပန်းချီ ပန်းပုအနုပညာလက်ရာတွေ ထိုင်းလက်မှုပညာတွေကို အသေးစိတ်လေ့လာနိုင်မယ့်နေရာလေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။
ဒီနေရာလေးကတော့ Pattaya မြို့မှာရှိပြီး ခရီးသွားတွေစိတ်ဝင်စားကြတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာရဲ့အတွင်းအပြင်နဲ့ဖွဲ့စည်းပုံ မျက်နှာပြင်တိုင်းကို ထိုင်း၊ ဟိန္ဒူ၊ တရုတ်နှင့် ခမာရိုးရာ ထုံးတမ်းစဉ်လာများမှ အနုစိတ်သော အရှေ့တိုင်းပန်းပုလက်ရာများဖြင့် ပြည့်လုနီးပါး အလှဆင်ထားတာပြီး ပန်းချီရုပ်ထုတွေ၊ ဘာသာရေးဆိုင်ရာ ရုပ်ထုတွေနဲ့ တခြားနိုင်ငံမှ ရုပ်ထုတွေကိုပါ တွေ့မြင်နိုင်တာကြောင့် တမူထူးခြားတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာအမှန်ပါပဲ
The Sanctuary of Truth က ကွယ်လွန်သူ ထိုင်းစီးပွားရေးလုပ်ငန်းရှင် Lek Viriyaphant ရဲ့ စိတ်ကူးဖြစ်ပြီး ဒီ Museum 1981မှာစတင်ခဲ့ပြီးတော့ ၂၀၂၅ မှာအပြီးသတ်ဖို့မျှော်လင့်ထားပါတယ်။
Pattaya ရဲ့ နာမည်ကြီး Night Market 🏙️ တွေနဲ့အတူ ကမ်းခြေရဲ့ဘေးမှာ တည်ရှိနေတဲ့ ဒီနေရာလေးက သွားရောက်လေ့လာရန်အတွက် ထူးထူးခြားခြား လုပ်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။
မှတ်ချက်။ ။ မပြီးဆုံးသေးတဲ့ museumဖြစ်တာကြောင့်အတွင်းပိုင်းတွေထဲကိုဝင်ရောက်မယ်ဆိုပါက အကာအကွယ်ဦးထုတ်လေးတော့ဆောင်းသွားကျပါနော်
Comments