top of page
Writer's pictureShwe Thai

အာရှရဲ့ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး Carnival Theme Park ကြီးဖြစ်တဲ့ ဖူးခက်က Carnival Magic 🎡

🎊 ထိုင်းတစ်နိုင်ငံလုံးမှာ တစ်ခုပဲရှိတဲ့ “ Carnival Magic Phuket “ ကတော့ အာရှမှာတင်မကပဲ ကမ္ဘာ့အခမ်းနားဆုံးနေရာတွေထဲကတစ်ခုအဖြစ် စာရင်းဝင်လာပါပြီ ။

🎡 အရောင်စုံတဲ့မီးတွေ ခမ်းနားတဲ့ဖျော်ဖြေတင်ဆက်မှုတွေ ရင်ခုန်စေမယ့် စီးစရာတွေနဲ့ themed park ကြီးကတော့ 40 ဧက အကျယ်အဝန်းရှိပြီး US ဒေါ်လာ 160 Million အကုန်အကျခံပြီး tourist attraction အတွက် ခမ်းနားစွာဆောက်လုပ်ပြင်ဆင်ထားတာပါ။

🎢 ဂင်းနစ်စံချိန်တင် Carnival Magic Themed Park ကြီးကတော့ နာမည်နဲ့လိုက်အောင် ခမ်းနားပြီးမှော်ဆန်တဲ့ ဖျော်ဖြေမှုပေါင်းများစွာကိုကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး မှော်ကမ္ဘာကြီးထဲရောက်သွားသလို 3D ကာတွန်းကားတစ်ခုထဲဝင်သွားရသလို ရင်သပ်ရှုမောဖွယ်ခံစားရစေနိုင်တယ်ဆိုတဲ့ နိုင်ငံတကာ touristတွေရဲ့ five stars review တွေကိုပိုင်ဆိုင်ထားပါတယ်။

ပြောရရင် Alice In Wonderland , Peter Pan ထဲကကလေးတွေရောက်သွားတဲ့ကျွန်း , စတဲ့ ငယ်ဘဝ disney အိပ်မက်တွေထဲက နေရာတစ်ခုပါ ❣️အနောက်နိုင်ငံ cultural တစ်ခုဖြစ်တဲ့ Carnival tradition ကို ထိုင်းရိုးရာအငွေ့အသက်နဲ့ ပေါင်းစပ်ပုံဖော်ထားမှုကလည်း touristတွေ စိတ်ဝင်စားကြတဲ့အချက်ပါပဲ..

ထိုင်းမှာ တစ်ခုတည်းသော Carnivalနဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထဲပါတဲ့ နေရာတစ်ခုကို တော်တော်လေးစိတ်ဝင်စားမိတာမို့ အားလုံးလည်းသိရအောင် sharing လုပ်ပေးလိုက်ပါတယ်

4 views0 comments

Comments


bottom of page