top of page
Writer's pictureShwe Thai

ယနေ့ ညနေတွင် ချင်းမိုင်မြို့ ပင်းမြစ်ရေ စိုးရိမ်ရေ အမှတ်ရောက်နိုင်ဟု ဆည်မြောင်းဌာန သတိပေး

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက်ကစပြီး ဟမ်ဒုန်းလမ်းမကြီးမှာ တောင်ကျရေကြောင့် ရေပြန်တက်နေကြောင်း ဟမ်ဒုန်းလူမူကယ်ဆယ်ရေးအဖွဲ့က အသိပေးသည်။

Kad Farang ရှေ့ ဟမ်ဒုန်းလမ်းမကြီး တွင်ရေများလွှမ်းနေပြီး ၁ဝ၈ မိန်းလမ်းမကြီးကို အသုံးပြုကာ မြို့တွင်း မြို့ပြင်သွားလာခြင်းရှောင်ရှားကြဖို့ လည်းသတိပေးထားသည်။


ယနေ့ နံနက် ၉ နာရီအချိန်တွင် ချင်းမိုင်မြို့ နဝရတ်တံတား နီးရှိ P.1 ပင်းမြစ်ရေတိုင်းအမှတ်မှာ ၃.၇၃ မီတာရှိနေပြီး နံနက် ၈ နာရီအချိန်ထက် ဆက်လက်မြင့်တက်နေသည်။

နဝရတ်တံတား နီးရှိ P.1 ပင်းမြစ်ရေတိုင်းအမှတ်သည် ယနေ့ ညနေ ၄ နာရီတွင် ၄.၂ဝ မီတာသို့လည်းကောင်း၊ ညသန်းခေါင်ယံအကျော် နံနက် ၂ နာရီအချိန်ခန့်တွင် ၄.၉၅ မီတာသို့ လည်းကောင်း မြင့်တက်နိုင်ကြောင်း ဆည်မြောင်းဌာနက သတိပေးထားသည်။

ထိုင်းမိုးလေဝသဌာန TMD ကလည်း တရုတ်နိုင်ငံမှ လေဖိအားနည်းရပ်ဝန်းသည် တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအရှေ့မြောက်ဘက်နှင့် သို့ဝင်ရောက်မှုကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ယနေ့ အောက်တိုဘာလ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ချင်းမိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေများ ပင်းမြစ်အတွင်းဝင်ရောက်ခြင်းကြောင့် စက်တင်ဘာလ ၂၄ ရက်မှ ၂၇ ရက်အတွင်း ပင်းမြစ်ဘေးရက်ကွက်များဖြစ်သည့် ချန်ကလန်၊စရာဖီ၊ပါဒက် ရပ်ကွက်များရေနစ်မြုပ်ခဲ့ပြီး စရာဖီ ရပ်ကွက်အချို့တွင် ယနေ့အထိ ရေဝင်ရောက်နေကြောင်းသိရသည်။

အောက်တိုဘာ ၂ ရက်နေ့၊ ဘန်ကောက်ပိုစ် သတင်းကလည်း ထိုင်းနိုင်ငံတွင် ဆည်ကြီးအချို့ သတ်မှတ်ရေနူန်းထက်ကျော်လွန်နေသည့် အတွက် ရေပိုတွေကိုချိန်ဆလွတ်နေပြီး ဆည်အောက်မှာရှိသည့် ခရိုင်များတွင် ရေဝင်ရောက်နေကြောင်းရေးသားထားသည်။


Source from BAGAN NEWS TV

7 views0 comments

Comments


bottom of page