top of page
Writer's pictureShwe Thai

မီတာခတွေ နှစ်ဆတိုးကောက်မယ်

လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို စက်တင်ဘာ ၁ ရက်ကစပြီး တိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တိုးမြှင့်ကောက်ခံတဲ့နှုန်းထားတွေကတော့ အိမ်သုံးအမျိုးအစားဆိုရင်

၁ယူနစ်ကနေ ယူနစ် ၅၀အထိကို ၅၀ ကျပ်၊

၅၁ ယူနစ်ကနေ ၁၀၀ ယူနစ်အထိကို ၁၀၀ ကျပ်၊

၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိကို ၁၅၀ကျပ်၊

၂၀၁ ယူနစ်ကနေ အထက် ၃၀၀ကျပ်ဖြစ်ပါတယ်။


လက်ရှိ အိမ်သုံးလျှပ်စစ်မီတာတွေမှာ အများဆုံးသုံးစွဲကြတဲ့ ၂၀၀ ယူနစ်အထက်ကို ၁၂၅ ကျပ်နှုန်းကောက်ခံနေရာကနေ ၃၀၀ ကျပ်အထိ တိုးကောက်လာတာကြောင့် နှစ်ဆကျော်အထိတက်သွားမှာပါ။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးတဲ့အခါ ဘဏ္ဍာနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာတဲ့အတွက် တိုးမြှင့်ကော်ခံတာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။


“မီတာခတွေသာ တိုးကောက်နေတာ အခုတောင် မီးမလာဘူး။ အကြောင်းအမျိုးမျိုးပြပြီး မီးပျက်တာရယ်၊ ဘာကြောင့်မှန်းမသိဘဲ မီးမလာတာရယ်နဲ့ပဲ သံသရာလည်နေတယ်။ အခုလည်း မလာတဲ့မီးကို နှစ်ဆတိုးကောက်တော့ မီးလာတဲ့အချိန်တောင် မသုံးရဲသလောက်ဖြစ်နေပြီ”လို့ ရန်ကုန်မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။


အိမ်သုံးမဟုတ်တဲ့ စက်မှု၊ စီးပွားရေးလုပ်ငန်းသုံး၊ အစိုးရနဲ့ အခြားအဖွဲ့အစည်းသုံး အမျိုးအစားဆိုရင် ၁ယူနစ်ကနေ ၅၀၀၀ အထိကို ၂၅၀ကျပ်၊

၅၀၀၁ ယူနစ်ကနေ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ကျပ်၊

၂၀၀၀၁ ယူနစ်ကနေ အထက်ဆိုရင် ၅၀၀ကျပ် ဖြစ်သွားမှာပါ။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတွေနဲ့ ဓာတ်အားလိုင်းကြီးတွေ အဆင့်မြှင့်တင်ဖို့၊ တိုးချဲ့တည်ဆောက်ဖို့၊ ပြုပြင်ထိန်းသိမ်းတာတွေကို ပြည်တွင်း၊ပြည်ပရင်းနှီးမြှပ်နှံမှုတွေနဲ့ ဆောင်ရွက်ဖို့အတွက်လိုအပ်နေတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။


Source from BBC News

77 views0 comments

Comments


bottom of page