top of page
Writer's pictureShwe Thai

ဘန်ကောက်မှာ ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေ ဆန္ဒပြ

Updated: Nov 21

ဘန်ကောက်မှာ ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ပါတယ်။ အကျိုးစီးပွား ပဋိပက္ခမဖြစ်ဘဲနဲ့ ထိုင်းနယ်စပ်ကိုကာကွယ်ရန်ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ကြွေးကြော်ပြီး ထိုင်းနိုင်ငံသားတစ်ရာကျော်က ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းအစိုးရအဖွဲ့ အိမ်တော်ရှေ့မှာ နို၀င်ဘာလ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

shwethai

ထိုင်းနိုင်ငံမှာ နှစ်ရှည်နေထိုင်တဲ့ မြန်မာတွေ အပါအ၀င် လူပေါင်းငါးသိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း တောင်းဆိုဆန္ဒပြခဲ့ကြတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။


“ထိုင်းအစိုးရကနေပြီး အတည်ပြု ပြဌာန်းလိုက်တဲ့ ထိုင်းနိုင်ငံမှာ နှစ်ရှည်ကြာနေထိုင်တဲ့ မြန်မာတွေရော ရွှေ့ပြောင်းလုပ်သားတွေပါ ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမဲ့ လူငါးသိန်းနီးပါးနဲ့ ပတ်သက်ပြီးတော့ ထိုင်းအစိုးရက အတည်ပြုပေးလိုက်တာကို မလိုလားကြောင်းကို ချီတက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း ဆန္ဒပြခဲ့ကြတာရှိတော့ ဒါ ဒီအဖွဲ့ပြတာ သုံးကြိမ်မြောက်ပဲ။ နောက်လည်း အလားတူ ပိုမိုများပြားတဲ့ လူအရေအတွက်တွေနဲ့ ပိုမိုများပြားတဲ့ တောင်းဆိုချက်တွေနဲ့ ထပ်လာဖို့ရှိတယ်လို့ သုံးသပ်လို့ ရပါတယ်”


ထိုင်းနိုင်ငံမှာ နှစ်ရှည် ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ထိုင်းမှာမွေးတဲ့ကလေးတွေ အပါအဝင် လူပေါင်း ငါးသိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။ထိုင်းနိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး လာမဲ့ ရက်ခြောက်ဆယ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနကနေ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

shwethai

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း မဲဆောက်မြို့မှာ ထိုင်းလူငယ် တစ်ရာကျော်ခန့်နဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ထိုင်းလူမျိုး သုံးဆယ်ခန့်က ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းပေးဖို့ဆိုပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။


သူတို့တောင်းဆိုချက်တွေအထဲမှာ ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ပြန်လည်ထွက်ခွာဖို့၊ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ခွင့်မပြုဖို့၊ ထိုင်းနိုင်ငံသား ခံယူခွင့်အစီအစဉ်ကို ပြန်လည်သုံးသပ်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကတော့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ ထိုင်းအစိုးရကို စက်တင်ဘာလ ၂၃ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။


Souce from RFA BURMESE

Comments


bottom of page