top of page
Writer's pictureShwe Thai

ဘန်ကောက်လေဆိပ်မှာ Tax Refund(ပစ္စည်းအခွန်ငွေ) ပြန်ထုတ်မယ်ဆို ဘာတွေသိထားသင့်လဲ?

ဘန်ကောက်လေဆိပ်မှာ Tax Refund(ပစ္စည်းအခွန်ငွေ) ပြန်ထုတ်မယ်ဆို ဘာတွေသိထားသင့်လဲ?


🔸ဘန်ကောက်ကို (Tourists) ခရီးသွားလာတဲ့၊အလည်လာတဲ့ သူများ ဘန်ကောက်မှာ ဈေးဝယ်တော့မယ်ဆို (VAT Refund) ပစ္စည်းရဲ့ အခွန်ငွေ ပြန်ထုတ်ပေးတာကို သိထားသင့်ပါတယ်။

🔸ဥပမာ-H&M Brand ကို Terminal 21 မှာ ဝယ်မယ်ဆိုပါစို့၊

🔸ဘတ် 2000 နှင့် အထက် ဝယ်မှ VAT Refund ထုတ်လို့ရမှာပါ။

🔸တကယ်လို့ H&M Brand ကို ဘတ် 2000 နှင့်အထက်ဝယ်မယ်ဆိုရင်တော့ VAT Refund ပြန်ထုတ်လို့ရအောင် Cashier Counter မှ Invoice လေးထုတ်ပေးပါတယ်။

🔸ငွေရှင်းတော့မယ်ဆို မိမိရဲ့ Passport ကိုပေးလိုက်ပါ (စင်္ကာပူမှာတော့ မိမိရဲ့ G Mail ပါတောင်းပါတယ်)

🔸အကယ်၍ ဘန်ကောက်မှာ ဝယ်လာတဲ့ ပစ္စည်းတွေများလို့ (VAT Refund) လေဆိပ်မှာ အခွန်ပြန်ထုတ်ဖို့ရှိတယ်ဆိုရင် ဟော်တယ်က စောစော Check Out ထွက်ပါ။

🔸လေဆိပ်ကို လေယာဉ်မထွက်ခင် (၃)နာရီအလို ရောက်အောင်သွားပါ။

🔸VAT Refund Counter မှာ ထုတ်တဲ့သူတွေက နေ့စဉ်နဲ့အမျှ အများကြီးရှိပါတယ်၊တန်းစီရတာတင် (၁)နာရီ ဝန်ကျင်လောက်ကြာပါတယ်။

🔸တစ်ခု သတိထားရမှာက ဘတ် ၅၀၀၀ အောက်ဆို အကောက်ခွန်တံဆိပ်တုံးထုထားတာမလိုပါ။

🔸ဘတ် ၅၀၀၀ နှင့် အထက်ဆို အကောက်ခွန်တံဆိပ်တုံး တစ်ခါတည်း ထုခဲ့မှ ထုတ်ပေးတာပါ။

🔸Invoice မှာ အကောက်ခွန်တံဆိပ်တုံးမထုထားရင် အခွန်ငွေပြန်မထုတ်ပေးပါဘူး (No Customs Stamp=No Refund ပါ)

🔸လေဆိပ် မှာ လေယာဉ်လက်မှတ်ထုတ်၊Luggage အပ်ပြီးတာနဲ့ Immigration မဖြတ်ခင် Custom Stamp အရင်သွားထုပါ၊ပြီးမှ Immigration ဖြတ်ပါ

🔸ဘတ် ၅၀၀၀ နှင့်အထက် VAT Refund ပြန်ထုတ်မည့်သူများသာ Custom Stamp ထုဖို့လိုတာပါ။

🔸သတ်မှတ်ထားတဲ့ Luxury Goods (10) မျိုးဝယ်ရင် တစ်ခါတလေ ဝယ်လာတဲ့ပစ္စည်းကို ပြရပါတယ်။

🔸တန်ဖိုးကြီး ပစ္စည်း Luxury Goods (10) မျိုးက ဘာတွေလဲ?


🔹Jewelry (လက်ဝတ်ရတနာ)

🔹Gold Ornament (ရွှေအဆင်တန်ဆာ)

🔹Watch (လက်ပက်နာရီ)

🔹Eyeglasses (မျက်မှန်)

🔹Pen (ဘောပင်/ဖောင်တိန်)

🔹Mobile or Smart Phone (ဖုန်း)

🔹Laptop and Tablet

🔹Hand Bag

🔹Belt (ခါးပတ်)

🔹Carry-on goods which the value is 50,000 Baht (သယ်လာတဲ့ ကုန်ပစ္စည်းတန်ဖိုးက ဘတ် ၅၀၀၀၀ ဖြစ်ပါလျှင်)

"မသိသေးတဲ့ ခရီးသွားမိတ်ဆွေများအတွက် Ko Leo Vlog မှ ပြောပြပေးခြင်းဖြစ်ပါတယ်”


Credit to Ko Leo Vlog

7 views0 comments

Comments


bottom of page