Budget သမားလေးတွေအတွက် ဘန်ကောက်က စျေးချိုတဲ့မားကတ် ၁၀ ခုကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
1.Chatuchak Weekend Market
စျေးဆိုင်ပေါင်း ၈၀၀၀ ကျော်ရှိတဲ့ စျေးရုံကြီးဖြစ်ပါတယ်။ အစားအသောက်ကအစ တိရစ္ဆာန်အသုံးအဆောင်၊အိမ်ပရိဘောဂအဆုံး အစုံအလင်ရတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။
Location-Kamphaeng Phet 2 Road, Chatuchak
BTS နဲ့သွားမယ်ဆိုရင် Mo Chit station မှာဆင်းရမှာဖြစ်ပြီး MRT နဲ့သွားမယ်ဆိုရင် Chatuchak Park station မှာဆင်းရမှာ ပဲဖြစ်ပါတယ်။
စျေးဖွင့်ချိန်-(စနေ၊တနင်္ဂနွေ) မနက်၉နာရီမှည၆နာရီထိ၊(သောကြာ) ည၆နာရီမှ၁၂နာရီထိ၊(ဗုဒ္ဓဟူး၊ကြာသပတေး)မနက်၇နာရီမှည၆နာရီထိ(အပင်ဆိုင်တွေပဲဖွင့်ပါတယ်)
2.Union Mall
ခုနက မားကတ်နဲ့ ဘူတာရုံတစ်ခုလောက်ပဲဝေးတဲ့ mall ဖြစ်ပြီးတော့ အလှအပနဲ့အဝတ်အစားပိုင်းကို အဓိကထားရောင်းတဲ့စျေးတစ်ခုပဲဖြစ်ပါတယ်။
Location-1 Khwaeng Chumphon, Khet Chatuchak
BTS stationနဲ့ဆိုရင် Mo Chit stationရဲ့နောက်တစ်ဘူတာမှာ ဆင်းရမှာဖြစ်ပြီး MRTနဲ့ဆိုရင် Phahon Yothin stationမှာ ဆင်းရမှာပဲဖြစ်ပါတယ်။
Mall ဖွင့်ချိန်-မနက်၁၁နာရီမှည၁၀နာရီထိ
3.Platinum Fashion Mall
ဒီတစ်ခုကလည်း အဝတ်အစားနဲ့ဆိုင်တဲ့ပစ္စည်းတွေ အစုံအလင်ကို လက်လီလက်ကားရောင်းချ ပေးနေတဲ့ Mall တစ်ခုဖြစ်ပါတယ်။ ဆိုင်ခန်းပေါင်း ၁၃၀၀ကျော်ရှိပြီး အလွှာ ၆ ထပ်ပါရှိပါတယ်။
Location-222 Petchburi Rd, Khwaeng Thanon Phetchaburi, Khet Ratchathewi
BTS skytrainနဲ့သွားမယ်ဆိုရင် Ratchathewi or Chidlom station မှာဆင်းပြီး ၁၀မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါပြီ။
Mall ဖွင့်ချိန်-မနက်၉နာရီမှည၈နာရီထိ
4. Talad Rot Fai Srinakarin Night market
မြန်မာလိုဆိုရင် ရထားစျေးလို့အမည်ရပြီး ရထားစျေးသုံးခုရှိတဲ့ထဲက စျေးအချိုဆုံးစျေးပဲ ဖြစ်ပါတယ်။ ဒီစျေးမှာဆိုရင် ကားပစ္စည်း၊ဆိုင်ကယ်ပစ္စည်းနဲ့အရုပ်တွေကို အဓိကထားရောင်းပါတယ်။
Location-Soi Srinagarindra 51, Khwaeng Nong Bon, Khet Prawet
BTS skytrainနဲ့သွားမယ်ဆို Udomsuk stationမှာ ဆင်းပြီး လမ်းနည်းနည်းလျှောက်ရပါသေးတယ်။
စျေးဖွင့်ချိန်-(ကြာသပတေးကနေတနင်္ဂနွေထိ)ညနေ၅နာရီမှမနက်၁နာရီထိ)
5.Pantip Plaza
Electronic ပစ္စည်းတွေရောင်းတဲ့နေရာဖြစ်ပြီး
mp3 playerကအစ လပ်တော့၊စမတ်ဖုန်းအဆုံး
နည်းပညာနဲ့ဆိုင်တဲ့ပစ္စည်းတွေအများအပြား ဝယ်ယူနိုင်တဲ့ ပလာဇာတစ်ခုပဲဖြစ်ပါတယ်။
Location-New Phetchaburi Road, Ratchathewi
BTS skytrainနဲ့သွားမယ်ဆိုရင် Ratchathewi stationမှာ ဆင်းရမှာပဲဖြစ်ပါတယ်။
Plaza ဖွင့်ချိန်-မနက်၁၀နာရီမှည၉နာရီ
6. MBK Shopping Center
ဒေသခံတွေရော နိုင်ငံခြားသားတွေရော အလာများတဲ့စျေးတစ်ခုဖြစ်ပြီး Chatuchak Weekend Market လိုပဲ ပစ္စည်းမျိုးစုံကို ဝယ်ယူရရှိနိုင်ပါတယ်။
Location-Pathum Wan
BTS skytrain လာမယ်ဆိုရင် National Stadium stop မှာဆင်းရမှာဖြစ်ပြီးလမ်းအနည်းငယ်လျှောက်
ရဦးမှာပဲဖြစ်ပါတယ်။
Center ဖွင့်ချိန်-မနက်၁၀နာရီမှည၁၀နာရီထိ
7. Sampeng Market
ဒီနေရာကတော့ အိမ်ပြန်လက်ဆောင်တွေဝယ်ယူဖို့ အတွက် ကောင်းမွန်တဲ့နေရာပဲဖြစ်ပါတယ်။ ကီးချိန်းတွေ၊လက်ဝတ်ရတနာတွေ၊လက်ကောက်တွေ၊ထိုင်းရိုးရာဝတ်စုံတွေရောင်းချပေးနေတဲ့စျေးတစ်ခုပဲဖြစ်ပါတယ်။ Chinatown နဲ့လည်း နီးပါတယ်။
Location-Khwaeng Chakkrawat, Khet Samphanthawong
BTS skytrain နဲ့သွားမယ်ဆိုရင် Saphan Taksin station မှာဆင်းရမှာပဲဖြစ်ပါတယ်။ အဲ့ကနေတစ်ဆင့် Tha Ratchawong ဘက်ကို လှေနဲ့သွားရမှာပဲဖြစ်ပါတယ်။
စျေးဖွင့်ချိန်-၂၄နာရီဖွင့်ပါတယ်။
8. Pratunam Market
အင်္ကျီအဝတ်အစားတွေ၊လက်ကိုင်အိတ်တွေ၊ ဖိနပ်တွေ၊အလှအပပစ္စည်းတွေကို wholesale နဲ့ရောင်းချတဲ့စျေးတစ်ခုပဲဖြစ်ပါတယ်။
Location-Thanon Phaya Thai, Ratchathewi
BTS skytrainနဲ့လာမယ်ဆိုရင် Chit Lom station မှာ ဆင်းရမှာပဲဖြစ်ပါတယ်။
စျေးဖွင့်ချိန်-မနက်၁၀နာရီမှည၈နာရီထိ
9. Victory Monument Market
ကျောင်းသားတွေနဲ့ရုံးသမားတွေအသွားများတဲ့ စျေးတစ်ခုပဲဖြစ်ပါတယ်။ စျေးအပေါ်ထပ်တွေမှာ သင်တန်းအမျိုးမျိုးဖွင့်လှစ်ထားပြီး လျှပ်စစ်ပစ္စည်းတွေနဲ့ အဝတ်အစားမျိုးစုံဝယ်ယူနိုင်ပါတယ်။
Location-5/11 Phayathai Rd, Khwaeng Thanon Phaya Thai, Khet Ratchathewi
BTS skytrainနဲ့လာမယ်ဆိုရင် Sukhumvit line နေစီးပြီး Victory Monument station မှာဆင်းရမှာပဲဖြစ်ပါတယ်။
စျေးဖွင့်ချိန်-ညနေ၅နာရီမှည၁၀နာရီထိ
10. Patpong Night Market
ဒီစျေးကတော့ fashion နဲ့ပတ်သက်တာမျိုးစုံရရှိနိုင်ပါတယ်။ brand တွေရဲ့ first copy မျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဘားတွေ cafe တွေ pub ဆိုင်တွေလည်း ဒီစျေးမှာရှိပါတယ်။
Location-1 Khwaeng Suriya Wong, Khet Bang Rak
BTS skytrain နဲ့လာမယ်ဆိုရင် Sala Daeng မှာဆင်းရမှာပဲဖြစ်ပါတယ်။
စျေးဖွင့်ချိန်-(အင်္ဂါ၊ကြာသပတေး) ညနေ၅နာရီမှမနက်၁နာရီထိ
(သောကြာ၊တနင်္ဂနွေ)ညနေ၅နာရီမှမနက်၁နာရီခွဲထိ
ကဲဒီစာဖတ်နေတဲ့သူတွေထဲက ဘယ်စျေးကို ရောက်ဖူးလဲဆိုတာကို comment မှာရေးပေးခဲ့ကြနော်။အဆုံးထိ ဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်။
Credit to Bangoon-Service
Comments