top of page
Writer's pictureShwe Thai

ဘတ်ရိုက်ခြင်းအကြောင်း

Updated: Nov 5

ထိုင်းနိုင်ငံကိုရောက်တဲ့အခါ နေထိုင်ဖို့ ဗီဇာစုံစမ်းကြရင်း ဘတ်ရိုက်တယ်တို့ ပန်းရောင်ကဒ်၊ ပင့်ကဒ် စသဖြင့် ခနခန ကြားရပါလိမ့်မယ်။ အခုမှရောက်လာတဲ့ လူတွေအတွက် BahLoLo မှာခဏခဏလာ‌မေးမြန်းကြလွန်းလို့တဲ့အပြင်နဲ့ နားမလည်တာလေးတွေ တွေ့နေရလို့ သိသမျှလေး လိုတိုရှင်း ရှင်းပြလိုက်ပါတယ် ခင်ဗျာ။

အဲတော့ ဒီ ပန်းရောင်ကဒ်အကြောင်းမပြောခင် ထိုင်းနိုင်ငံမှာ အလုပ်လုပ် ဖို့အတွက် ဘာဗီဇာ လိုသလဲကို အရင်ရှင်းပြပါမယ်။


၁၈ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားတိုင်း ထိုင်းမှာ အလုပ်လုပ်ရင်း နေထိုင်ခွင့်ရတဲ့ ဗီဇာအမျိုးအစာ (၂) မျိုးရှိပါတယ်။


✅ Non - B Visa

​✅ Non - LA Visa တို့ဖြစ်ပါတယ်။


Non - B Visa ကတော့ နိုင်ငံခြားသားပိုင် Company၊ အဖွဲ့အစည်း အကြီးတွေကပဲ ပေးနိုင်ပြီး သင်ကိုယ်တိုင်ကလည်း လုပ်ငန်းခွင်တစ်ခုမှာ Professional skill တစ်ခုခု ကိုယ်တတ်ကျွမ်းထားရပါမယ်။ ဒါကြောင့်မို့လို့ White Collar Jobs တွေကို လုပ်ခွင့်ရတယ်လို့ပြောကြခြင်းဖြစ်ပါတယ်။


Non - LA Visa ဆိုတာ ကတော့ Blue Collar Jobs တွေဖြစ်တဲ့ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေး၊ အိမ်အကူ၊ အထည်ချုပ်၊ Shopping mall တွေ နဲ့ ဟိုတယ် လုပ်တွေကို လုပ်ခွင့်ပြုပေးတဲ့ ဗီဇာမျိုးဖြစ်ပြီး ဒီဗီဇာရဖို့အတွက် Work Permit ကဒ်လျောက်ရပါတယ်။ အဲတာကို ထိုင်းလိုဆို အလွယ်ဘတ်ရိုက်တယ် "ကဒ်လုပ်တယ်" လို့ ခေါ်တာဖြစ်ပါတယ်။


ဘတ်ရိုက်တယ်ဆိုတာတကယ်တော့ ထိုင်းနိုင်ငံကိုအကြောင်းအမျိုးမျိုးကြောင့်အထောက်ထားမစုံလင်ပဲရောက်လာတဲ့သူတွေပဲ ဖြစ်ဖြစ်၊ TR visa ဒါမှမဟုတ် ဗီဇာ free (၁၄) ရက်နဲ့ လာတဲ့သူပဲ ဖြစ်ဖြစ် မပြန်ပဲ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်ရရှိဖို့ဆိုရင် မဖြစ်မနေလျောက်ရတဲ့ Pink card (Non Thai ID Card) နဲ့ Work Permit တို့ပဲဖြစ်ပါတယ်ခင်ဗျာ။


👉Pink Card - Non Thai ID Card ထိုင်း လူမျိုးမဟုတ်တဲ့သူတွေကို ထုတ်ပေးထားတဲ့ မှတ်ပုံတင် ID card


( ကဒ်သက်တမ်း ၁၀ နှစ်ပေးပါတယ်)


👉Work Permit - ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင် ခွင့် (ဗီဇာသက်တမ်း ၁ နှစ်‌ပေးပါတယ်)


အဓိက အရေးကြီးတာကတော့ Work Permit ပါပဲခင်ဗျာ။ ဒီ ပါမစ်ရှိမှသာ Non LA Visa ရရှိတာဖြစ်ပြီး Work Permit ကုန်သွားပါက Pink Card လည်း အသုံးမဝင်တော့ပါဘူး။ ဒီမှာ ပန်းရောင်ကဒ်နဲ့ ပတ်သက်ပြီး ပြောချင်တာက တော့ ပန်းရောင်ကဒ်က ID card ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ သွားလာတဲ့ အခါ လွယ်ကူစွာယူဆောင်သွားလို့ရပြီး လာရောက်စစ်ဆေးမေးမြန်းပါက အလွယ်တစ်ကူ ထုတ်ပြလို့ရတဲ့ ကဒ်အမျိုးအစားဖြစ်ပါတယ်။ သဘောကတော့ပတ်စ်ပို့ကို နေရာတစ်ကာ သယ်သွားဖို့မလိုတော့ဘူးပေါ့ဗျာ။


နောက်တစ်ချက်ကတော့ ဒီ Work Permit ရပြီးပြီဆိုရင် လုပ်ဆောင်ရမယ့် အရာ နောက်တစ်ခုရှိပါသေးတယ်။ အဲတာကတော့ ပတ်စ်ပို့ရှိတဲ့သူတွေက မိမိ ပတ်စ်ပို့ထဲကို Work Permit ထည့် ရမှာဖြစ်ပြီး ပတ်စ်ပို့ မရှိတဲ့သူများကတော့ CI (ယာယီနိုင်ငံကူးစာအုပ်) လို့ခေါ်တယ် စာအုပ်အစိမ်းကို မဖြစ်မနေ လုပ်ရပါတယ်။ ပတ်စ်ပို့ ရှိတဲ့သူများကတော့ အိမ်နီးချင်းနိုင်ငံများကို ဆက်ထွက်လို့ရပြီး ၊ CI စာအုပ်ကတော့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အဝင်အထွက် အတွက် ပဲ အသုံးပြုလို့ရပါတယ်။


ကျန်တဲ့ အခြား ကျန့်အော်ကျန့်ခေါက် အလုပ်ရှင်ပြောင်းတဲ့ ကိစ္စတွေကို နောက်ရက်ကို ထက်တင်ပေးပါမယ်ခင်မျာ။ အမျိုးတို့အားလုံးလည်း ဒီလောက်ဆို ဘတ်ရိုက်တယ်ဆိုတာရယ် ပန်းရောင်ကဒ်၊ Non LA ဘယ်လိုပဲခေါ်ခေါ် တူသလိုလိုနဲ့ကွဲပြားမှုတွေကို နားလည်လောက်ပြီထင်ပါတယ်ခင်ဗျာ။


အခုဆို ရင် မြန်မာနိုင်ငံကနေ ပြောင်းရွှေ့လာတဲ့ လူဉီးရေများပြားလွန်းတယ့်အတွက် ထိုင်းအစိုးရက ဘတ်ရိုက်တာကို ဖွင့်ပေးဖို့ ရက်နည်းနည်းနောက်ဆုတ်ပေးထားပါတယ်။ ဒါအလွန်ကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် ဘတ်ရိုက်တာဖွင့်တဲ့အခါ ၁၅ရက် လောက်ပဲဖွင့်ပေးတာဖြစ်တဲ့အတွက် ကြောင့်ဖြစ်ပြီး ဖွင့်တဲ့ အချိန်မှာ အမှီတင်နိုင်အောင် လို့ တန်းစီစနစ်ရှိတာကြောင့် နာမည်စာရင်းများကို ကြိုတင်ပေးခိုင်း နေကျခြင်းဖြစ်ပါတယ်။


.Credit to Owner


4 views0 comments

Opmerkingen


Opmerkingen zijn uitgezet.
bottom of page