top of page
Writer's pictureShwe Thai

ဖူးခက်မှာ ဆိုက်ကပ်နေတဲ့ ကမ္ဘာအလှဆုံး အီတလီရွက်သင်္ဘောကြီး

Updated: Nov 20

ဖူးခက်မှာ ဆိုက်ကပ်နေတဲ့ ကမ္ဘာအလှဆုံး အီတလီရွက်သင်္ဘောကြီး “Amerigo Vespucci” လို့ခေါ်တဲ့ ကမ္ဘာ့အလှဆုံးစာရင်း၀င် အီတလီရွက်သင်္ဘောကြီးဟာ အီတလီနိုင်ငံရေတပ်လေ့ကျင့်ရေးအတွက်သုံးဖို့ဆိုပြီး ၁၉၃၀ ပြည့်နှစ်မှာဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

shwethai

ကမ္ဘာ့နိုင်ငံပေါင်းစုံက ဆိပ်ကမ်း ၁၅ ခုကို ဆိုက်ကပ်မှာဖြစ်ပြီး ထိုင်းနိုင်ငံ ဖူးခက်ရေနက်ဆိပ်ကမ်းဖြစ်တဲ့ Cape Panwa ဆိပ်ကမ်းမှာ နိုဝင်ဘာ ၆ ရက်နေ့က ၁၀ ရက်နေ့အထိ ဆိုက်ကပ်မှာဖြစ်ပါတယ်။ နောက်ခရီးစဥ်အနေနဲ့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကို ဆက်လက်ထွက်ခွါမှာဖြစ်ပါတယ်။


ဘာကြောင့်ဒီလိုကမ္ဘာလှည့်ပြီး ရွက်လွှင့်နေရတာလဲဆိုရင် အီတလီနိုင်ငံရဲ့ အနုပညာနဲ့ ရိုးရာယဉ်ကျေးအမွေအနှစ်များ ကမ္ဘာကိုသိစေဖို့ လှည့်လည်ရွက်လွှင့်ပြီး ပြသနေတာပါတဲ့။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ အီတလီနိုင်ငံ ဂျီနိုအာမြို့ကနေ စတင်ထွက်ခွါခဲ့ပြီး သူမရဲ့ ကမ္ဘာလှည့်ခရီးစဉ်ကို ၂ နှစ်ကြာထွက်ခွါမှာဖြစ်ပါတယ်။

shwethai

သင်္ဘောကြီးပေါ်မှာ အီတလီအစားစာကို ယူနက်စ်ကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်စေဖို့ promote လုပ်တဲ့ အီတလီအစားအစာစားသောက်ဆိုင်တွေ အီတလီနိုင်ငံသမိုင်းနဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားသူတွေအတွက် ဖျော်ဖြေပေးတဲ့ ဖျော်ဖြေရေးအစီစဉ်တွေ အားလုံးပါဝင်တဲ့အပြင် အီတလီနိုင်ငံရဲ့ အကျော်ကြားဆုံး ရုပ်ရှင် ၅ ခု၊ ပြပွဲ ၆ ခု၊ ပထမဆုံးအိုလံပစ် မီးရှူးတိုင် နဲ့ မိုက်ကယ်အိမ်ဂျလိုရဲ့ ကမ္ဘာကျော် Michelangelo’s David ရုပ်တု တို့ကိုလည်း ပြသပေးမှာဖြစ်ပါတယ်။


Ref : Guru By Bangkokpost

9 views0 comments

Comments


bottom of page