ထိုင်းအရှေ့ပိုင်း ခို့ခမ်ကျွန်းတစိတ်တဒေသကို ဘတ် ၁ ဒဿမ ၈ ဘီလီဖြင့် ရောင်းမည်။ ထိုင်းနိုင်ငံ အရှေ့ဘက်ရျိ ခို့ခမ်ကျွန်း၏တစိတ်တဒေသကို ဆောက်လက်စ ဟိုတယ်များနှင့်တကွ ဘတ် ၁ ဒဿမ ၈ ဘီလီယံနှင့် ရောင်းချမည်ဟု ဗုဒ္ဓဟူးနေ့က ကြေညာချက်မှာ ဖေ့စ်ဘုတ်တွင် သတင်းခေါင်းစီးဖြစ်လို့နေသည်။
ဆွန်ဆက်ဘ်ဆိုသော ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်က "ပုဂ္ဂိလကပိုင်ကျွန်း" ဟုပို့စ်တင်ထားရာတွင် ထရက်ခရိုင်တွင် အလှဆုံးကျွန်းကိုဝယ်လျှင် ဆောက်လုပ်စဟိုတယ်များပါရနိုင်သည်ဟုဆိုသည်။
အဆိုပါပို့စ်အဆိုအရ ကျွန်းပေါ်ရှိ အဆိုပါမြေသည် ၁၀ ရိုင်အကျယ်အဝန်းရှိပြီး ကြည်လင်နေသောပင်လယ်ရေ၊ သန့်ရှင်းလှသော သဲသောင်နှင့် မီတာ ၃၀၀ ရှိ လှပသော မီးတောင်ကျောက်များကိုလည်း တွေ့ရသည်။ အဆိုပါကျွန်းသည် ထရတ်မှ ၃၅ ကီလိုမီတာနှင့် ခို့မက်နှင့် တကီလိုမီတာအကွာအဝေးတွင်တည်ရှိသည်။
ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်၏ ထရတ်ရုံးက ခို့ခမ်အရောင်းပို့စ်နှင့်ပတ်သက်၍ ဖြေကြားရာတွင် ကျွန်းကိုလည်ပတ်ဖို့အတွက် ဘတ် ၁ ဒဿမ ၈ ဘီလီယံရှိစရာမလိုဘဲ ခို့မက်မှသည် မော်တော်ဆိုင်ကယ်သို့မဟုတ် လှေဖြင့်သွားရောက်လည်ပတ်၍ရကြောင်းနှင့် ကျွန်းပတ်လည်တွင် မီးတောင်ကျောက်တန်းနှင့် သန္တာကျောက်တန်းများဖြင့်လှပနေသော ပတ်ဝန်းကျင်ကိုလည်း မြင်တွေ့ရမည်ဟုဆိုသည်။
ခိုခမ်သည် လွန်ခဲ့သော နှစ်သန်းရာများစွာက မီးတောင်၀တခုဖြစ်ခဲ့သည်ဟု ခရီးသွားလုပ်ငန်းအာဏာပိုင်ရုံးက ပြောသည်။
၂၀၁၄ ခုနှစ်က ကျွန်းပိုင်ရှင်သည် ၁၄၈ မီတာအရှည်ရှိ တံတားတစင်း၊ ၄၈၀ မီတာ တာရိုးနှင့်တ မြေဖြည့်ခြင်းများ တည်ဆောက်ခဲ့ရာ သစ်တောနှင့် ပင်လယ်ထဲကျူးကျော်မှုဖြင့် အမှုဖွင့်ခံခဲ့ရသည်။
ခို့မက်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နွိုင်ဆူဝက်ချနာနောင့်က ပြောကြားရာတွင် ၁၀ ရိုင်အကျယ်မြေကွက်အတွက် ဂရံကို အကြိမ်များစွာလွှဲပြောင်းရောင်းချခဲ့ကြပြီးဖြစ်သည်ဟုဆိုသည်။
ချွန်ဘူရီရှိ စားသောက်ဆိုင်ပိုင်ရှင်တဦးက လက်ရှိမြေပိုင်ဖြစ်ပြီး ရောင်းချလိုသည်မှာ အမှန်ဖြစ်သည်ဟုဆိုသည်။
Source from MIZZIMA NEWS IN BURMESE
Comentários