top of page
Writer's pictureShwe Thai

ထိုင်းလုပ်ငန်းခွင်မှာ သေဆုံးသူမြန်မာလုပ်သား ၆ ဦးအတွက် နစ်နာကြေးရရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ကီလိုသုံးဆယ်ကျော် ကွာဝေးတဲ့ ဆမွတ်ဆာခွန်း ခရိုင် ဖလန်ဆောင် လမ်းမကြီးပေါ် ဆောက်လုပ်နေတဲ့ မိုးပျံ လမ်းမကြီး ကွန်ကရစ် တိုင်ပြိုကျခဲ့တာကြောင့် တံတားဆောက်လုပ်ရေးမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၄ ဦးအပါအဝင်အလုပ်သမား ၆ ဦးသေဆုံးခဲ့ပါတယ်။ထိုင်းလုပ်ငန်းခွင်မှာ သေဆုံးသူမြန်မာလုပ်သား ၆ ဦးအတွက် နစ်နာကြေးရရှိခဲ့ပါတယ်။

shwethai.com

ဒီအတွက် အလုပ်ရှင်ဘက်က နစ်နာကြေး နားရေးစရိတ် ဆေးကုသစရိတ်တွေကို ပေးအပ်တာတာဝန်ယူတာလုပ်ပေးခဲ့တယ်လို့မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။


"ထိုင်းနိုင်ငံအလယ်ပိုင်းဆာမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့နယ်ထဲမှာ ဖလမ်းဆောင်လမ်းမကြီးပေါ်က မိုးပျံတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မကြာသေးခင် ရက်ပိုင်းက သေဆုံးခဲ့ရတဲ့ ဖြိုးကိုကို၊ ချစ်ကိုကို၊ ဧရာနဲ့အောင်သိန်းထွေးဆိုတဲ့မြန်မာလုပ်သား ၄ဦးနဲ့ ထိုင်းလုပ်သား ၂ဦးရှိပါတယ်၊ တဦးကိုနာရေးစရိတ်အနေနဲ့ ဘတ်ငွေ ၅သောင်းအပါအဝင် နစ်နာကြေး အနည်းဆုံးဘတ်ငွေ ၈သိန်း ၆သောင်းကျော်ကနေဘတ် ၁သန်းထိပေးမယ်လို့ သက်ဆိုင်ရာကနေ သဘောတူထားပါတယ်။


ပြီးတော့ ဆေးရုံတက်ကုသနေရတဲ့ သူတွေအတွက်ကတော့ ကုသစရိတ် က ဘတ်တသန်းထက်မကျော်တဲ့ငွေကြေးနဲ့ ဆေးရုံတက်ကုသမှုခံယူနေစဉ်အတွင်းမှာ နေ့စဉ်လုပ်အားခတွေကို အပြည့်အ၀ပေးမယ်လို့ ကတိကဝတ်ပေးပါတယ်။"


နိုဝင်ဘာလ ၂၉ရက်နေ့ မနက်(၄) နာရီ ကျော် မိုးပျံလမ်း တံတားက ဆောက်လက်စ ကွန်ကရစ်တိုင် ပြိုကျချိန်မှာ ညဆိုင်းအလုပ်ဆင်းနေတဲ့ ဆောက်လုပ်ရေးအလုပ်သမား ၃၉ ဦး အလုပ်လုပ်ကိုင်နေကြတဲ့အချိန်လည်းဖြစ်ပါတယ်။


ဆောက်လုပ်ရေးလုပ်ရင်းလို မိုးပျံလမ်းမကြီးပြိုကျပြီးသေဆုံးဒဏ်ရာရခဲ့တာဟာအခုတကြိမ်ဟာ ပထဆုံးအကြိမ်မဟုတ်ပဲ ဖလမ်းဆောင် မိုပျံလမ်းမကြီးဆောက်လုပ်နေတဲ့ ငါးနှစ်တာကာလအတွင်းမှာ အခုလိုမျိုးဖြစ်ရပ်တွေကြောင့် သေဆုံးသူ ၁၃၀လောက်ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၃၀၀ ကျော်လောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဖြစ်ရပ်တိုင်းမှာမြန်မာနိုင်ငံသား အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။


Source from VOA BURMESE

تعليقات


bottom of page