ထိုင်းနိုင်ငံတွင် ထိုင်း-တရုတ် အမြန်ရထားလမ်း တည်ဆောက်ရေး စီမံကိန်း၏ မြေအောက်လှိုဏ်ဂူ ဆောက်လုပ်ရေး လုပ်ငန်းခွင် ပြိုကျမှုကြောင့် ပိတ်မိနေသော မြန်မာအလုပ်သမား ၁ ဦး ကို ယနေ့ သေဆုံးလျက် ပြန်လည်တွေ့ရှိရကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ၊ Nakhon Ratchasima ပြည် နယ်၊ Pak Chong ခရိုင်၊ Chanthuek တွင် ထိုင်း-တရုတ် အမြန်ရထားလမ်းလိုင်း ဆောက်နေလုပ်စဉ် လုပ်ငန်းခွင်မတော်တဆမှုကြောင့် လှိုဏ်ဂူပြိုကျပြီး မြန်မာ အလုပ်သမား ၁ ဦး အပါအဝင် အလုပ်သမား ၃ ဦး ပိတ်မိနေခဲ့ကြောင်း၊ ၆ ရက်မြောက်သည့် ယနေ့တွင် မြန်မာအလုပ်သမား ၁ ဦးကို သေဆုံးလျက် ပြန် လည် တွေ့ရှိရကြောင်း၊ ပိတ်မိနေသော အလုပ်သမား ၂ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၁ နာရီအချိန် ပြန်လည် တွေ့ရှိရသော မြန်မာအလုပ်သမားမှာ ထရပ်ယာဉ်မောင်းဖြစ်ပြီး အလောင်းကို သယ်ထုတ်သွားပြီဖြစ်ကြောင်း၊ မြန်မာအလုပ်သမား၏ ကျန်ရစ်သူမိသားစုနှင့် အဆက်အသွယ် ရရှိထားကြောင်း၊ ပိတ်မိနေသော တရုတ်အလုပ်သမား ၂ ဦးတွင် ၁ ဦးက ဆောက်လုပ်ရေး လုပ်ငန်းခွင် ကြီးကြပ်ရေးမှူး နှင့် ဘက်ဖိုးမောင်းသမားဖြစ်ကြောင်း ၊ ကယ် ဆယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။
Source from Khit Thit Media
コメント