Gump’s Ari Cafe
Cafe ဆိုင်ကောင်းကောင်း အပြင်အဆင်လှလှလေးတွေကိုကြိုက်ကျတဲ့ကောင်မလေးတွေအတွက် ဒီနေရာလေးကအကြိုက်တွေ့စေမှာပါ။ Ari မှာရှိတဲ့ Gump’s Ari ဟာ Cafe ချစ်သူတွေအတွက် တကယ့်နေရာကောင်းလည်းဖြစ်ပြီး Ari BTS ဘူတာနားမှာရှိတာကြောင့် သွားရတာလည်းအဆင်ပြေပါတယ်။
သူငယ်ချင်းတွေနဲ့အတူ Chill လုပ်ပြီးလည်ပတ်လို့ကောင်းတဲ့နေရာလေးတစ်ခုပါ။ Instagram မှာပုံလှလှလေးတွေ တင်ဖို့နေရာကောင်းလေးတွေရှာနေတယ်ဆိုရင်တော့ ဒီ Cafe လေးကိုတစ်ခါလောက်တော့ သွားကိုသွားကြည့်သင့်ပါတယ်။ ပိတ်ရက်မှာသွားဖို့ cafe ဆိုင်ရှာနေတဲ့သူတွေအတွက်ညွှန်းပေးလိုက်ရပါတယ်နော်။
Location - https://tinyurl.com/y5b2ws7n
Pink Rosa Cafe
ပန်းရောင်လေးတွေကိုမှကြိုက်နှစ်သက်တဲ့ကောင်မလေးတွေအတွက် Pink Rosa Pop-up Cafe ဆိုင်လေးတွေကို ညွှန်းပေးချင်ပါတယ် ။ ဒီကဖေးမှာ Phannapast ရဲ့ဒီဇိုင်းတွေကို Vespa ရဲ့အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ထားပြီး ချစ်စရာအရသာရှိတဲ့ အချိုပွဲတွေကိုလည်း မြည်းစမ်းနိုင်ပါသေးတယ်နော်။
ကဖေးရဲ့ဘေးမှာတော့ Rosa Market လေးလည်းရှိတာဆိုတော့ Phannapast နဲ့ Vespa Thailand ကနေ ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုပါဝယ်ယူနိုင်ပါတယ်။ Bangkok ကိုလာမယ်ဆိုရင် သွားကိုသွားသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်နော်။
Location - https://tinyurl.com/3smd873y
NANA Coffee Roasters Ari
အဆောက်အဦး design လှလှလေးနဲ့ Desert လှလှလေးတွေရှိတဲ့ NANA Coffee Roasters Ari
ဒီ Cafe လေးကနှစ်ထပ်ရှိပြီးတော့ အပေါ်ထပ်မှာဆိုရင် chic ဖြစ်ပြီးတော့သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးထိုင်လို့ရပါတယ်။
ဆိုင်ကို အမိုက်စားအဆောက်အဉီးပုံစံနဲ့ ဆောက်လုပ်ထားပြီး သစ်ပင်လေးတွေနဲ့အလှဆင်ထားတာကြောင့် ဆိုင်ရှေ့မှာဓာတ်ဖမ်းခဲ့ဖို့မမေ့ကြနဲ့ဦးနော်။
Location - https://tinyurl.com/2hyjva7e
Featherstone Cafe Bistro & Lifestyle Shop
Retro style ကိုကြိုက်တဲ့သူတွေ၊ European Style ကိုကြိုက်တဲ့သူတွေသဘောကျမဲ့နေရာလေးပါ။ ဥရောပစတိုင်ရှေးဟောင်းပရိဘောဂတွေ တံခါးနဲ့ပြတင်းပေါက်ဘောင်တွေကို လိုက်ဖက်ညီစွာစီခြယ်ထားပြီး ရောင်စုံမှန်လေးတွေ နံရံတွေမှာချိတ်ဆွဲထားတဲ့လိပ်ပြာပုံလေးတွေနဲ့ အလှဆင်ထားပါတယ်။
နေရာလှလှလေးလဲကြိုက်တယ် အစားအသောက်ကောင်းတွေရှိတဲ့နေရာလဲကြိုက်တယ်ဆိုတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်နေရာကောင်းလေးတစ်ခုပါ။
Location - https://tinyurl.com/y54r4xux
ကောင်မလေးတွေအကြိုက် ဓာတ်ပုံရိုက်လို့ကောင်းပြီး Instagramable ဖြစ်တဲ့ Cafe ဆိုင်များ
Comments