top of page
Writer's pictureShwe Thai

MAI လေယာဉ်နဲ့ အခုမှ ခရီးသွားမယ်ဆိုရင် ဘာတွေသိထားသင့်လဲ?

MAI လေယာဉ်နဲ့ အခုမှ ခရီးသွားမယ်ဆိုရင် ဘာတွေသိထားသင့်လဲ?


  • လေယာဉ်လက်မှတ်ကို အနားနီးမှဖြတ်ရင် ရက်နီးလေ ဈေးကြီးလေပါ

  • လေယာဉ်လက်မှက် ကို အနည်းဆုံး တစ်လလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်

  • MAI လေယာဉ်နဲ့ ခရီးသွားမယ်ဆို Kg 30 Luggage နဲ့သယ်လို့ရပါတယ်။

  • ဒီထက်ပိုသယ်ချင်တဲ့ Kg တွေကို Online က လက်မှတ်ဝယ် ကတည်းက ကြိုဝယ်ထားပါ။လေဆိပ် မှာလည်း Kg အပိုဝယ်လို့ရတဲ့ Service Counter တွေလည်းရှိပါတယ်။

  • လေယာဉ် ထွက်မည့်အချိန် ထက် 3 နာရီကြိုပြီး လေဆိပ်ကို ရောက်အောင် သွားပါ။

  • လေဆိပ် ရောက်တာနဲ့ မိမိ လေယာဉ်လက်မှတ်ဖြတ်ထားသော စာရွက် (သို့မဟုတ်) Saveထားဗသာ Soft Copy ကို MAI Ticket Counter မှာပြပြီး လေယာဉ်လက်မှတ် အသွားအတွက် ထုတ်ခဲ့ပါ၊ Luggage တစ်ခါတည်း အပ်ခဲ့ပါ။


ခြွင်းချက် - ဘန်ကောက်တို့၊စင်္ကာပူတို့ကနေ Transit နဲ့ ဂျပန်သွားမယ်ဆိုရင်တော့ လေယာဉ်လက်မှတ် နှစ်ဆင့်စာ တစ်ခါတည်းထုတ်ပေးပါတယ်။


  • လေယာဉ်လက်မှတ် Counter မှာ မထုတ်ခင် မိမိက မိမိထိုင်ချင်သောနေရာကို မပြောဘူးဆိုရင် Counter မှ ဝန်ထမ်းတွေက အဆင်ပြေတဲ့နေရာတွေကို ထိုင်ခိုင်းပါတယ်။

  • မိမိက လေယာဉ်ပြတင်းပေါက်နားထိုင်ချင်တာတို့၊လျှောက်လမ်းနဲ့နီးတဲ့နေရာတို့ ထိုင်ချင်ပါက လက်မှတ်ထုတ်ခါနီးမှာ တစ်ခါတည်းပြောရင် မိမိထိုင်ချင်တဲ့နေရာကို ထိုင်ရပါတယ်။

  • လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက် Exit နားမှာ မျက်မှန်သမားတွေမထိုင်သင့်ပါဘူး။

  • Luggage အပ်မည့် အိတ် ထဲမှာ Laptop , Tablet , Power Bank တို့ထည့်လို့မရပါဘူး။

  • ထည့်ထားမိရင် လေဆိပ် လက်မှတ်ကောင်တာမှ ဝန်ထမ်းက တစ်ခါတည်း ထုတ်ခိုင်းပါတယ် Hand Carry အနေနဲ့ပဲ သယ်လို့ရပါတယ်။

  • Luggage အပ်၊ လေယာဉ်လက်မှတ် ထုတ်ပြီးတာနဲ့ Immigration ဖြတ်ဖို့ တန်းစီပါ၊

  • Departure ကဒ်(ပြည်ပထွက်ခွာ) ကို တစ်ခါတည်းဖြည့်ထားပါ (ဖြည့်နည်းလည်းတင်ပေးထားပါတယ်)

  • Passport နဲ့ လေယာဉ်လက်မှတ်ကို အသင့်ထုတ်ထားပါ။

  • တာဝန်ကျ Immigration Officer ကို Passport,လေယာဉ်လက်မှတ် နဲ့ Departure ကဒ် ပေးပြီး Face Scan လုပ် လက်ဗွေနှိပ် ပြီးတာနဲ့ Pass ဖြစ်သွားပါပြီ

  • Immigration Pass ဖြစ်သွားပြီဆို အပေါ်က စစ်တဲ့နေရာမှာ Body Check ပါတယ်၊ရေဗူးပါရင် ထားခဲ့ရပါတယ် ၊သယ်လို့မရပါဘူး၊မိမိကသယ်ချင်တယ်ဆို ရေတစ်ခါတည်းသွန်ပါ၊ ဗူးခွံယူလာပြီး Gate ရောက်တဲ့အခါ ရေဖြည့်သောက်လို့ရပါတယ်။

  • Gate ဖွင့်တဲ့ အခါမှာ Business Class ကို အရင်ဝင်ခိုင်းပါတယ်။

  • Economy ရဲ့ နောက်ဆုံးခုံနံပတ်မှ စခေါ်ပါတယ်။


Source from Ko Leo Vlog

7 views0 comments

Comments


bottom of page