top of page

Instructions on how to fill out the pink card form

To apply for a pink card.
(Bangkok only)

Be sure to fill in the information correctly

To apply for a pink card.
(
Chiang Mai)

Be sure to fill in the information correctly

  • Why do FAQs matter?
    FAQs are a great way to help site visitors find quick answers to common questions about your business and create a better navigation experience.
  • ဘတ်ရိုက်ရင်work permit တန်းရမှာလား
    Work Permit နဲ့ Pink Card က မတူပါဘူး။ Work Permit က အလုပ်လုပ်ဖို့အတွက်နဲ့ နေထိုင်ခွင့်အတွက် အသုံးပြုရတာပါ။ Passport မရှိတဲ့သူတွေ ဘတ်ရိုက်ရင်ဘာတွေလိုအပ်လဲ Passport မရှိတဲ့သူတွေ ဘတ်ရိုက်ဖို့အတွက် CI စာအုပ်လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ်အစိမ်းရောင်စာအုပ်ပြုလုပ်ဖို့လိုပပါတယ်။ ( ShweThai.com မှာ ဘတ်လုပ်မယ်ဆိုရင် CI စာအုပ်လည်း တစ်ခါတည်းပြုလုပ်ပေးမှာဖြစ်ပါတယ် )
  • What is an FAQ section?
    An FAQ section can be used to quickly answer common questions about your business like "Where do you ship to?", "What are your opening hours?", or "How can I book a service?".
  • ဘတ်ဘယ်အချိန်ဖွင့်မှာလဲ
    ဘတ်ဖွင့်ပေးတာက ထိုင်းအစိုးရကနေ တစ်နှစ်တစ်ခါဖွင့်ပေးတာဖြစ်ပြီးတော့ အချိန်အတိအကျကိုတော့ သတ်မှတ်ထားတာမရှိပါဘူး။ ဒီနှစ်အတွက်ကတော့ အောက်တိုဘာနဲ့နိုဝင်ဘာလထဲမှာလောက် ဘတ်ဖွင့်ပေးမယ်လို့ ခန့်မှန်းထားပါတယ်။
  • Name List ကျလာရင်ဘယ်သူမဆိုအပြင်ထွက်လို့ရလား
    Name List ကျပြီးတဲ့ ၁၅ ရက်အတွင်း အပြင်ထွက်လို့ရပါတယ်။ Name List ဆိုတာက နေထိုင်ခွင့်မဟုတ်သလို Work Permit လည်းမဟုတ်တဲ့အတွက် ခရီးဝေးသွားတာမျိုး၊ နိုင်ငံပြင်ပထွက်တာမျိုးတော့ လုပ်လို့မရပါဘူး။
  • Where can I add my FAQs?
    FAQs can be added to any page on your site or to your Wix mobile app, giving access to members on the go.
  • ဘယ်သူတွေလုပ်သင့်တာလဲ
    ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ဝင်ရောက်နေထိုင်ပြီး တရားမဝင် အလုပ်လုပ်နေသူတွေနဲ့ ထိုင်းနိုင်ငံမှာ နှစ်ရှည်ဗီဇာကို ဈေးသက်သက်သာသာနဲ့ လိုချင်သူတွေအတွက် သင့်တော်ပါတယ်။ အထောက်အထားမဲ့နေထိုင်သူတွေအတွက် Ci စာအုပ် ( မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကဒ်ပြား ) ကိုလည်းပြုလုပ်နိုင်သလို၊ Passport အထောက်အထားရှိသူတွေအတွက်လည်း Work Visa ၁ နှစ်ရနိုင်တဲ့အတွက်ကြောင့် ၂ မျိုးစလုံးအတွက် အဆင်ပြေစေပါတယ်။
  • ဘယ်လောက်ကုန်မှာလဲ
    ထိုင်းအစိုးရက ဘတ်ဖွင့်ပေးတဲ့အချိန်မှသာ ကုန်ကျစရိတ်အတိအကျကို သိရှိနိုင်မှာဖြစ်ပြီးတော့ ShweThai.com အနေနဲ့ ယခင်နှစ်တုန်းက ကုန်ကျစရိတ်များနှင့်ယှဉ်ပြီး ပျမ်းမျှကုန်ကျစရိတ်ကို တွက်ပေးထားပါတယ်။ အထောက်အထားမဲ့ သူဌေးမရှိတဲ့သူတွေအတွက် ခန့်မှန်းချေ ၂၁,၀၀၀ ဘတ် ဝန်းကျင်လောက်ကုန်ကျနိုင်ပြီး အထောက်အထားရှိသူဌေးရှိသူတွေအနေနဲ့ ၁၈,၀၀၀ ဘတ် ဝန်းကျင်လောက်ကုန်ကျနိုင်ပါတယ်။
  • Passport မရှိတဲ့သူတွေ ဘာတွေလိုအပ်လဲ
    အထောက်အထားမရှိတဲ့သူတွေအနေနဲ့ ဘတ်ရိုက်မယ်ဆိုရင် ပထမဦးစွာ Name List တင်ပေးရပါမယ်။ Name List တင်ဖို့အတွက် ကိုယ်ရေးအချက်အလက်အနည်းငယ်သာလိုအပ်ပါတယ်။ နောက်ပြီး Work Permit လုပ်ဖို့အတွက် သူဌေးထောက်ခံချက်လိုအပ်ပါတယ်။ သူဌေးမရှိတဲ့သူတွေအတွက်လည်း ShweThai မှ သူဌေးအငှားဝန်ဆောင်မှုပေးနေပါတယ်။
  • ဘတ်ရိုက်ပြီးရင် cancel ပြန်လုပ်လို့ရလား
    အကြောင်းအမျိုးမျိုးကြောင့် ဘတ်ကို Cancel လုပ်ပြီး ထိုင်းနိုင်ငံပြင်ပထွက်မယ်ဆိုရင် သက်ဆိုင်ရာကိုအကြောင်းကြားပြီး Cancel လုပ်လို့ရပါတယ်။ ကြာချိန် ခန့်မှန်းချေ တစ်ပတ်ခန့်ကြာနိုင်ပါတယ်။
  • ဘတ်ရိုက်ပြီးရင်တခြားနိုင်ငံတွေသွားလို့ရနိုင်လား
    ဘတ်ရိုက်ပြီးရင်တခြားနိုင်ငံတွေသွားလို့ရပါတယ်။ အလည်အပတ် (သို့) အပြီး သွားပြီး ထိုင်းကိုပြန်လာမယ်ဆိုရင်တော့ သက်ဆိုင်ရာကိုအကြောင်းကြားပြီးမှ သွားလို့ရပါမယ်။
  • Name List ကျလာရင်ဘယ်သူမဆိုအပြင်ထွက်လို့ရလား
    Name List ကျပြီးတဲ့ ၁၅ ရက်အတွင်း အပြင်ထွက်လို့ရပါတယ်။ Name List ဆိုတာက နေထိုင်ခွင့်မဟုတ်သလို Work Permit လည်းမဟုတ်တဲ့အတွက် ခရီးဝေးသွားတာမျိုး၊ နိုင်ငံပြင်ပထွက်တာမျိုးတော့ လုပ်လို့မရပါဘူး။
  • ဘတ်ဆိုတာဘာလဲ
    ထိုင်းနိုင်ငံကိုရောက်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို တရားဝင်နေထိုင်နိုင်စေရန်နဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိနိုင်စေရန်အတွက် ထိုင်းအစိုးရမှ တရားဝင်ပြုလုပ်ပေးနေတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ Work Permit ရရှိပြီးနောက် Ci စာအုပ်၊ Pink Card များရရှိနိုင်တဲ့အထိ ပြုလုပ်ပေးနေပါတယ်။
  • Work Permit နဲ့ Pink Card တူလား
    Work Permit ဆိုတာ အလုပ်လုပ်ကိုင်ခွင့်နဲ့ တရားဝင်နေထိုင်နိုင်ရေး ( ဗီဇာ ) အတွက်လိုအပ်တာဖြစ်ပြီး Pink Card ကတော့ Non Thai Identification Card ( သက်သေခံကဒ်ပြား ) ဖြစ်ပါတယ်။ Pink Card ကို ယာဉ်မောင်းလိုင်စင်၊ ဘဏ်အကောင့်ဖွင့်တာမျိုးတွေအပြင် အခြားသောနေရာတွေမှာလည်း မှတ်ပုံတင်ကဒ်ကဲ့သို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
  • Name List ကျလာရင် Pink Card ရဖို့ဘယ်လောက်စောင့်ရမှာလဲ
    ကိုယ်ရွေးချယ်ထားတဲ့ အေဂျင်စီအပေါ်မူတည်ပြီး ကြာချိန်ကွာသွားတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Name List ကျတာကနေ Pink Card ရတဲ့အထိဆိုရင် ၆ လလောက်ကြာချိန်ရှိပါတယ်။ ( ShweThai.com မှာ ဘတ်လုပ်မယ်ဆိုရင် ၂ လအတွင်း ရနိုင်ပါတယ် )
  • ဘတ်ရိုက်ဖို့အတွက် ကုန်ကျစရိတ်ဘယ်လောက်ကုန်ကျနိုင်မလဲ
    ကုန်ကျစားရိတ်က တစ်နှစ်နဲ့တစ်နှစ်တူညီမှုမရှိတဲ့အတွက်ကြောင့် မနှစ်ကကုန်ကျစားရိတ်ကို ခန့်မှန်းချေအနေနဲ့တွက်ပြပေးပါမယ်။ သူဌေးမရှိတဲ့သူတွေအတွက် ခန့်မှန်းချေ ၂၁၀၀၀ ဘတ် ဝန်းကျင်လောက်ကုန်ကျနိုင်ပြီး သူဌေးရှိသူတွေအနေနဲ့ ၁၈၀၀၀ ဘန် ဝန်းကျင်လောက်ကုန်ကျနိုင်ပါတယ်။
  • ဘတ် name list ဘယ်အချိန်ကျမှာလဲ
    ထိုင်းအစိုးရက ဘတ်ဖွင့်ပြီလို့ကြေညာပြီးတဲ့နောက် Name List တွေရဖို့အတွက် Website မှာ Form တင်ရပါတယ်။ အဲ့ဒီ Form ကိုတင်ထားတဲ့သူတွေကိုပဲ Name List ထုတ်ပေးတာဖြစ်တဲ့အတွက် ဘတ်လုပ်ဖို့ပြင်ဆင်နေတဲ့သူတွေက မဖြစ်မနေ Name List အတွက် Form ဖြည့်ထားပေးရပါမယ်။ Website မှာ Form တင်ပြီး ၁၅ ရက်အတွင်း Name List ရပါတယ်။
  • မြန်မာပြည်ကနေလဲဘတ်တင်ထားလို့ရလား / ဘာတွေလိုအပ်လဲ
    မြန်မာပြည်ကနေလဲဘတ်တင်ထားလို့ရလား / ဘာတွေလိုအပ်လဲ မြန်မာပြည်ကနေ ထိုင်းနိုင်ငံသို့ထွက်လာပြီး ဘတ်လုပ်ဖို့အတွက်စီစဉ်နေတယ်ဆိုရင်လည်း ShweThai မှာ Form တင်ပြီး နာမည်စာရင်းတင်ထားလို့ရပါတယ်။ လေဆိပ်ရဲ့ Immigration မှာတော့ ဘတ်ကိစ္စနဲ့ပတ်သတ်တဲ့စာရွက်စာတမ်းတွေကို မပြမိအောင်တော့ သတိပြုဖို့လိုပါတယ်။

Frequently asked questions

ShweThai.com Pink Card Service Refund Policy 

- ShweThai.com တွင် Name List Register တင်ရန်အတွက် ကြိုတင်ပေးသွင်းငွေ ပေးသွင်းပြီးနောက် အဆင်မပြေမှုများရှိလာပါက ကြိုတင်ပေးသွင်း    ငွေအား ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 

- စာရင်းသွင်းရာတွင် ထည့်ပေးထားသောအချက်အလက်များကို အတိအကျပို့ပေးမှသာ ကြိုတင်ပေးသွင်းငွေအား ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 
- ကြိုတင်ပေးသွင်းငွေကို သက်ဆိုင်ရာရုံးသို့ စာရင်းမတင်မီအချိန်ကာလအတွင်းသာ ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပြီး စာရင်းတင်ပြီးနောက်ပိုင်း ပြန်လည်       ထုတ်ယူလို့မရနိုင်ပါ။ 
- ကြိုတင်ပေးသွင်းငွေအား ပြန်လည်ထုတ်ယူရာတွင် ShweThai.com ဘက်မှ ဆက်လက်လုပ်ဆောင်ရန် အကြောင်းအရာတစ်ခု ပေါ်ပေါက်လာပါက       ကြိုတင်ပေးသွင်းငွေ၏ ၁၀၀ ရာခိုင်နှုန်းပြန်လည်ပေးသွားမှာဖြစ်ပြီး လူကြီးမင်းတို့ဘက်မှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ထုတ်ယူလိုပါက ကြိုတင်    ပေးသွင်းငွေ၏ ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 
- ကြိုတင်ပေးသွင်းငွေကို Refund တင်ပြီး ၇ ရက်အတွင်း ဘဏ်အကောင့်ထဲသို့ ပြန်လည်လွှဲပြောင်းပေးမှာဖြစ်ပါတယ်

ShweThai.com ဆိုတာ ထိုင်းရောက်ရွှေမြန်မာများ ထိုင်းနိုင်ငံအတွင်း နေထိုင်ရေး၊စားရေးသောက်ရေးများ ပိုမိုလွယ်ကူအဆင်ပြေလာအောင် ကူညီပေးနေတဲ့ Web စာမျက်နှာတစ်ခုဖြစ်ပါတယ်။ ShweThai.com ကို ထိုင်းနိုင်ငံမှာ တရားဝင် Registered လုပ်ထားတဲ့ Sky Biz Hub Company မှ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

bottom of page