ထိုင်းနိုင်ငံရောက် မြန်မာများအတွက်
ကျန်းမာရေးအာမခံ လမ်းညွှန်

အာမခံစနစ်များကို နားလည်လွယ်စေရန် တစ်ချက်ချင်းစီ အောက်တွင် ဖော်ပြပေးထားပါသည်။

Social Security
01

လူမှုဖူလုံရေးအာမခံ (SSS)

ထိုင်းနိုင်ငံရှိ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းခွင်များတွင် တရားဝင်အလုပ်လုပ်ကိုင်နေသူများအတွက် မရှိမဖြစ်လိုအပ်သော အာမခံစနစ်ဖြစ်ပါသည်။

  • Section 33, 39, 40
  • အခမဲ့ဆေးကုသခွင့်
  • သားဖွားစရိတ်ခံစားခွင့်
  • အသက်ကြီးပင်စင်
Migrant Card
02

ရွှေ့ပြောင်းလုပ်သားအာမခံ

လူမှုဖူလုံရေးစနစ်ထဲ မဝင်ရသေးသော အိမ်အကူ၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးကဲ့သို့သော လုပ်ငန်းခွင်မှ လုပ်သားများအတွက် ဖြစ်ပါသည်။

  • ပန်းရောင်ကတ်/CI ရှိသူများ
  • အစိုးရဆေးရုံကုသမှု
  • ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု
  • ကူးစက်ရောဂါကုသမှု
Private Insurance
03

ပုဂ္ဂလိက ကျန်းမာရေးအာမခံ

ဝန်ဆောင်မှု ပိုမိုမြန်ဆန်ခြင်းနှင့် ဆေးရုံရွေးချယ်မှု ပိုမိုကျယ်ပြန့်ခြင်းတို့ကြောင့် နိုင်ငံခြားသားများ အသုံးအများဆုံး အာမခံဖြစ်ပါသည်။

  • Direct Billing စနစ်
  • နိုင်ငံတကာအဆင့်မီဝန်ဆောင်မှု
  • အခန်းခ/ခွဲစိတ်စရိတ် အပြည့်
  • အရေးပေါ်ဝန်ဆောင်မှု

အာမခံအသုံးအနှုန်းများ သိကောင်းစရာ

TermMeaning
IPDဆေးရုံတွင် တစ်ည သို့မဟုတ် ထို့ထက်ပို၍ တက်ရောက်ကုသရသော လူနာ
OPDဆေးရုံတက်ရန်မလိုဘဲ ပြင်ပလူနာအဖြစ် ပြသခြင်း
Direct Billingဆေးရုံနှင့် အာမခံကုမ္ပဏီ တိုက်ရိုက်ရှင်းသဖြင့် လူနာမှ ငွေပေးစရာမလိုခြင်း

ကျန်းမာရေးဝန်ဆောင်မှု ခံယူရန် အဆင်သင့်ဖြစ်ပြီလား?

အထောက်အထားများ ပြည့်စုံစွာဖြင့် ဆေးရုံမှာ စိတ်အေးချမ်းသာစွာ ပြသနိုင်ပါပြီ။

Appointment ရယူရန်
"This site is under construction, the information displayed are for demo purpose only!"
This is default text for notification bar